ရပ်ရွာဒေသ ပြန်လည်ထူထောင်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အသွေးကို မြှင့်တင်ပေးမည့် လက်တွေ့သင်ကြားမှု ဖြစ်ပါသည်။


📌 အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ၃နာရီကြာ သင်ကြားရေး စုစုပေါင်း ၁၂ကြိမ်၊ အော့ဖ်လိုင်း သင်ကြားမှု၊ ကိုရီးယားလူမျိုး ပညာရှင်များမှ (သီအိုရီ + လက်တွေ့) သင်ကြားပေးခြင်း


<သင်ကြားပို့ချမှု>

🌈 စိုက်ပျိုးရေးအတွေးအခေါ်နှင့် စိုက်ပျိုးရေး နည်းပညာဆိုင်ရာ သင်ကြားမှု

🌈 စကားပြောခြင်းသီအိုရီ (Dialogue Theory)နှင့် မှတ်တမ်းတင်ခြင်း နည်းစနစ်ဆိုင်ရာ သင်ကြားမှု

🌈 နှစ်သိမ့်ဆွေးနွေးခြင်းဆိုင်ရာ အယူအဆ (Counseling Concept)နှင့် ကုထုံးဆိုင်ရာ သင်ကြားမှု


<အကျိုးခံစားခွင့်>

👉 Myanmar.VOM ၏ ပူးတွဲဥက္ကဌ၊ စတင်တည်ထောင်သူ ကော်မတီဝင်၊ လုပ်ငန်းလည်ပတ်မှု ကော်မတီဝင်များသာ ပါဝင်နိုင်ပါသည်။ 

👉 ၈ ကြိမ်နှင့်အထက် တက်ရောက်သူများကို ကိုရီးယားဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းနှင့် Myanmar.VOMနာမည် ပါဝင်သည့် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ကို ပေးအပ်မည်ဖြစ်ပါသည်။ 

👉 ၈ ကြိမ်နှင့်အထက် တက်ရောက်သူများအနေဖြင့် ဒုတိယနှစ်ဝက်တွင် ဖွင့်လှစ်မည့် မွမ်းမံသင်တန်းများတွင် တက်ရောက်ခွင့် ရှိမည်ဖြစ်ပါသည်။


'နွေဦး ရွက်သစ်မောင်မယ် ပျိုးထောင်ရေး လှုပ်ရှာ' စေတနာ့ဝန်ထမ်း စုဆောင်းခြင်းအတွက် အချက်အလက်များကို 'အသိပေးခြင်း' တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်.