မြန်မာနွေဦးစင်တာ ပင်မ ဖွဲ့စည်းမှုပုံစံ 

🟡 လစဥ်ကြေးမင်ဘာ 

  • Myanmar.VOM လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဝေဖန်အကြံပြုခြင်း၊ အတွေးအမြင် ယူဆချက်များကို ဝေမျှနိုင်ပါသည်။
  • ကိုရီးယား လူနေမှုဘဝဆိုင်ရာ ဆွေးနွေးရေးစင်တာ ကိုအခမဲ့ အသုံးပြုနိုင်ပါသည်။
  • လစဥ် ဝမ် ၁သောင်းနှင့်အထက် မင်ဘာကြေးထည့်ဝင်ကာ ‘Myanmar.VOM’ လည်ပတ်နိုင်ရေးအတွက် ကူညီထောက်ပံ့ပါသည်။


🟡 ပါဝင် အဖွဲ့ဝင်

  • Myanmar.VOM ၏ အရေးပါသည့် အမြင့်ဆုံး ဆုံးဖြတ်မှုအဆင့်အနေဖြင့် တစ်နှစ်လျှင် ၂ကြိမ် စုံညီညီလာခံတွင် တက်ရောက်ပါသည်။
  • Myanmar.VOM မှ လှုပ်ရှားလည်ပတ်နေသည့် ဆွေးနွေးရေးစင်တာ၊ သင်ကြားရေး-ဟောပြောပွဲများနှင့် သင်တန်းများတွင် အခမဲ့ ပါဝင် အသုံးပြုနိုင်ပါသည်။ 
  • လစဥ် ဝမ် ၃သောင်းနှင့်အထက် မင်ဘာကြေးထည့်ဝင်ကာ ‘Myanmar.VOM’ လှုပ်ရှားမှုများကို ကူညီပါသည်။


🟡 လည်ပတ်မှု ကော်မတီဝင် 

  • Myanmar.VOM ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အတူတကွ ဆွေးနွေးပါသည်။
  • ကော်မတီ အသီးသီးတွင် ပါဝင်လှုပ်ရှားကာ၊ လစဥ် ၁ကြိမ် အစည်းအဝေး တက်ရောက်ရပါသည်။ 
  • Myanmar.VOM မှ လုပ်ဆောင်သည့် လှုပ်ရှားမှုအားလုံးတွင် အခမဲ့ ပါဝင်နိုင်ပါသည်။
  • Myanmar.VOM အသင်းအဖွဲ့စည်းမျဥ်း၏ သတ်မှတ်ချက်များအတိုင်း သတ်မှတ် ပမာဏကို ငွေရင်းအဖြစ် ထည့်ဝင်ပါသည်။


🟡 စတင်တည်ထောင်သူ ကော်မတီဝင်

  • Myanmar.VOM ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးပြီး ရပ်ရွာဒေသ ပြန်လည်ထူထောင်ရေးအတွက် သံန္နိဌာန် ချမှတ်ပါသည်။
  • Myanmar.VOM မှ လုပ်ဆောင်သည့် လှုပ်ရှားမှုအားလုံးတွင် အခမဲ့ ပါဝင်နိုင်ပါသည်။
  • Myanmar.VOM အသင်းအဖွဲ့စည်းမျဥ်း၏ သတ်မှတ်ချက်များအတိုင်း သတ်မှတ် ပမာဏကို ငွေရင်းအဖြစ် ထည့်ဝင်ပါသည်။


🟡 ပူးတွဲဥက္ကဌ

  • Myanmar.VOM လည်ပတ်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ဦးဆုံး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါသည်။ 
  • Myanmar.VOM ၏ ကော်မတီ ၃ခုကို ဦးစီးလည်ပတ်ပါသည်။ 
  • Myanmar.VOM အသင်းအဖွဲ့စည်းမျဥ်း၏ သတ်မှတ်ချက်များအတိုင်း သတ်မှတ် ပမာဏကို ငွေရင်းအဖြစ် ထည့်ဝင်ပါသည်။


🟡 အကြံပေးကော်မတီ

  • Myanmar.VOM ကိုထောက်ခံပြီး မှန်ကန်ဖြောင့်မတ်စွာ လည်ပတ်နိုင်စေရန် ထောက်ခံအားပေးကာ ပံ့ပိုးပါသည်။ 

မြန်မာနွေဦးစင်တာ လည်ပတ်မှု

🔴 ပညာရေးကော်မတီ

  • မြန်မာလူငယ်များ ခေါင်းဆောင်မှုအရည်အသွေးဆိုင်ရာ၊ Myanmar.VOM ၏ သင်ကြားမှုများကို တာဝန်ယူပါသည်။ 
  • မြန်မာနှင့် ပတ်သက်သည့် သုသေသန၊ လေ့လာဆန်းစစ်မှုများ၊ ဆွေးနွေးပွဲများနှင့် Seminar များကို အစီအစဥ်ရေးဆွဲကာ ဆောင်ရွက်ပါသည်။

 

🔴 ရပ်ရွာဒေသ ပြန်လည်ထူထောင်ရေး ကော်မတီ

  • နှစ်သိမ့်ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် တက်ကြွလှုပ်ရှားသူများကို ပြုစုပျိုးထောင်ပေးသည့် လေ့ကျင့်မှုများကို တာဝန်ယူပါသည်။
  • မြန်မာနိုင်ငံ ရပ်ရွာဒေသ ပြန်လည်ထူထောင်ရေးအတွက် ရှာဖွေ၊ ချိတ်ဆက်၊ ပံ့ပိုးမှုများကို လုပ်ဆောင်ပြီး အစီအစဥ် ရေးဆွဲပါသည်။ 

 

🔴 ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ

  • Myanmar.VOM အဖွဲ့တွင်း/အဖွဲ့ပြင်ပနှင့် ဆက်သွယ်မှုများ၊ မှတ်တမ်းတင်ခြင်းများကို တာဝန်ယူပါသည်။ 
  • ပြည်တွင်း/ပြည်ပရှိ ဒီမိုကရေစီလှုပ်ရှားမှုများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ 

 

🔴 ရုံးအဖွဲ့

  • Myanmar.VOM ၏ လှုပ်ရှားမှု၊ အစည်းအဝေး၊ ဘဏ္ဍာရေး၊ ရုံးခန်းလည်ပတ်မှုများကို တာဝန်ယူဆောင်ရွက်ပါသည်။ 
  • Myanmar.VOM ၏ မင်ဘာဝင်များ ပါဝင်ဆောင်ရွက်မှုကို စီမံခန့်ခွဲကာ အားပေးခြင်းနှင့် လှုပ်ရှားမှုများကို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ပါသည်။ 

ပူးပေါင်းအဖွဲ့များ

🟢 MFDMC (Myanmar Federal Democratic Mission Coalition)

🟢 Youth Action for Myanmar (행동하는 미얀마청년연대)

🟢 One-day Class (미얀마군부독재타도위원회)

🟢 Myanmar Workers Welfare Center

🟢 Korean Solidarity for Overseas Community Organization KOCO