Myanmar.VOM မြန်မာနွေဦးစင်တာ
"စစ်မှန်သော ဒီမိုကရေစီသည် ပြည်သူတို့၏ အသံနှင့် အတူ ရပ်ရွာမှ စတင်သည်"
အခြေခံ လူအခွင့်အရေး ရရှိရန် ရုန်းကန်လှုပ်ရှား ဆန္ဒပြခဲ့မှုများကို ကျွန်ုပ်တို့ မှတ်မိပါသည်
လူပီသစွာ နေထိုင်လာခဲ့ကြသည့် အသိုက်အဝန်းကို စိုက်ပျိုးရေးဖြင့် ဆက်လက် လျှောက်လမ်းပါမည်
တော်လှန်ရေး အစုအဖွဲ့မှ စတင်သည့် စည်းလုံးမှုကို ချဲ့ထွင်းကာ
ပြည်သူ အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ရပ်ရွာ အချင်းချင်း ချိတ်ဆက်သွားမည်
နောင်တချိန် ဌာနေကို ပြန်လာမည့် ရပ်ရွာသူ ရပ်ရွာသားများ၏ အခြေချနေရာ အတွက်
မြန်မာ ထိုင်း ကိုရီးယားရှိ မြန်မာ လူငယ်လေးများ စည်းလုံး ပူးပေါင်းခဲ့ကြပါသည်
မြန်မာ စစ်တပ်ကြောင့် ရပ်ရွာများ မီးလောင် ပျက်စီးသွားခဲ့ပေမယ့်
ထိုနေရာ၌ မွေးဖွားပြီး ကြီးပြင်းခဲ့သည့် ကျွန်ုပ်တို့၏ အိပ်မက်သည် ဌာနေမှာ ဆက်လက် ရှိနေဆဲပါပဲ
ရပ်ရွာသူ ရပ်ရွာသားများ၏ ဆက်ဆံရေးကို ပြန်လည် အကောင်ထည် ဖော်ကာ
ပျောက်ကွယ် ပျက်စီသွားခဲ့သည့် ရပ်ရွာကို ပြန်လည် ထူထောင်ပြီး
သစ်လွင်သည့် နွေဦး ပန်းလမ်း တလျှောက်မှာ 'Myanmar∙VOM' ရပ်တည်နေပါသည်
Myanmar.VOMသည် စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော မြန်မာ့ ရပ်ရွာ အသိုင်းအဝိုင်းကို ပြန်လည် ထူထောင်ရန် အတွက် မြန်မာ၊ မဲဆောက်၊ ကိုရီးယားရှိ မြန်မာ လူငယ်များ ပူးပေါင်းပြီး ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက် တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကိုရီးယားရှိ ရပ်ရွာ လူထု အသိုင်းအဝိုင်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။