2026. 02. 25
မြန်မာ့အရေးနှင့် ပတ်သက်၍ ချမှတ်ထားသော ‘ဘုံသဘောတူညီချက် ငါးရပ်’ကို ပြန်လည်သုံးသပ်ရန် အာဆီယံအဖွဲ့က စဉ်းစားနေပြီး လက်ရှိကျင့်သုံးနေသည့် အလှည့်ကျဥက္ကဋ္ဌက အထူးသံတမန်သစ်တဦးစီ နှစ်စဉ်ခန့်အပ်နေသည့်စနစ်အစား ‘ရေရှည်တာဝန်ယူမည့် အထူးသံတမန်’ ခန့်အပ်ရန် စီစဉ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇာရိုက ပြောကြားလိုက်သည်။
မြန်မာ့အရေးကိုင်တွယ်ရာတွင် ‘ဘုံသဘောတူညီချက် ငါးရပ်’ ကို အာဆီယံ၏ အခြေခံမူဝါဒအဖြစ် ဆက် လက်ထားရှိသော်လည်း၊ ယင်းကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန်ဟူသော အယူအဆကို စီဘူမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ အချို့က တင်ပြခဲ့ကြကြောင်း Thai PBS ၏ ‘Tanloke’ အစီအစဉ်နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် လာဇာရိုက ပြောကြားခဲ့သည်။
“ဘုံသဘောတူညီချက် ငါးရပ်ကို အတိုင်းအတာတခုအထိ ပြန်လည်သုံးသပ်သင့်တယ်လို့ ကျွန်မထင်ပါ တယ်” ဟု လာဇာရိုက ဆိုသည်။
သို့သော် အာဆီယံသည် ဘုံသဘောတူညီချက်ဖြင့်လုပ်ဆောင်နေခြင်းဖြစ်၍ မည်သည့်အပြောင်းအလဲ မဆို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီမှု လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် မြန်မာ့အရေးဆောင်ရွက်မှုများ စဉ်ဆက်မပြတ်စေရေးအတွက် ‘ရေရှည်တာဝန်ယူမည့် အထူးသံတမန်’ ရာထူးတခု ထားရှိရန်လည်း ယင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပြီး၊ အဆင့်မြင့် အရာရှိကြီးများအား ယင်းအဆိုပြုချက်ကို ဆက်လက်လေ့လာရန် တာဝန်ပေးထားသည်။
မလေးရှားထံမှ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်က လွှဲပြောင်းရယူခဲ့ပြီးနောက် လာဇာရိုသည် လက်ရှိတွင် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသည်။
အာဆီယံ၏ လုပ်ငန်းစဉ်များ အဆက်မပြတ်စေရန်အတွက် ရေရှည်တာဝန်ယူမည့် အထူးသံတမန်တဦး ကို ခန့်အပ်သင့်ကြောင်း ဖိလစ်ပိုင်က ယူဆသည်ဟု ၎င်းက ဆိုသည်။
“အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိရှိနားလည်ထားဖို့ လိုပါတယ်” ဟု လာဇာရိုက ပြောကြား ပြီး၊ ၎င်း၏ လက်ရှိတာဝန်က ယခင်ဥက္ကဋ္ဌဟောင်း၏ လုပ်ဆောင်ချက်များအပေါ် အခြေခံထားကြောင်း နှင့် မလေးရှား၏ ကြိုးပမ်းအားထုတ်မှု၊ အောင်မြင်မှုများကို ဆက်လက်အကောင်အထည်ဖော်သွားရန် ရည်ရွယ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
လက်ရှိ လုပ်ထုံးလုပ်နည်းအရ အဖွဲ့ဝင် ၁၀ နိုင်ငံက နှစ်စဉ်အလှည့်ကျတာဝန်ယူရသည့် အာဆီယံဥက္ကဋ္ဌ သည် မြန်မာ့အရေးကို ကိုင်တွယ်ရန် ကိုယ်ပိုင်အထူးသံတမန်ကို ခန့်အပ်ရသည်။
ပြန်လည်သုံးသပ်ရန် အဆိုပြုထားသော်လည်း ‘ဘုံသဘောတူညီချက် ငါးရပ်’ သည် အာဆီယံ၏ မြန်မာ့ အရေးချဉ်းကပ်မှုတွင် လမ်းညွှန်ချက်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ အာဆီယံပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တို့ကဲ့သို့သော အဖွဲ့၏ အခြေခံမူများ အပေါ်တွင်သာ အမြဲတမ်း အခြေခံသွားမည်ဖြစ်ကြောင်း လာဇာရိုက အလေးအနက် ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံး ပါဝင်သည့် အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် အထူးသံတမန်က သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်ရန် စသည့်အချက်များ ပါဝင်သည်။
Ref : Mizzima – News in Burmese (https://bur.mizzima.com/2026/02/25/83046)